Tuesday, October 30, 2007

သူလို လူတွေ





ကာတွန်းတွေက ပြောသော အမှန်တရား (၄)













ဟစ်တိုင်၊ ရိုးမခေတ်ပြိုင်သစ္စာ တို့မှ ကူးယူ ဖော်ပြသည်။

Monday, October 29, 2007

ကာတွန်းတွေက ပြောသော အမှန်တရား (၃)








ဟစ်တိုင်၊ ရိုးမခေတ်ပြိုင် တို့မှ ကူးယူ ဖော်ပြသည်။

Sunday, October 28, 2007

ကာတွန်းတွေက ပြောသော အမှန်တရား (၂)









ဟစ်တိုင်၊ ရိုးမခေတ်ပြိုင် တို့မှ ကူးယူ ဖော်ပြသည်။

s0wha1

Saturday, October 27, 2007

အာဇာနည်များအတွက် တစ်လပြည့် အောက်မေ့ဖွယ် ကုသိုလ်ပြုပွဲ



မနက်ဖြန် တနင်္ဂနွေနေ့ ညနေ ၄နာရီခွဲမှာ စင်္ကာပူနိုင်ငံ တိုပါးရိုး မြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပမဲ့ အာဇာနည်များအတွက် တစ်လပြည့် အောက်မေ့ဖွယ် ကုသိုလ်ပြုပွဲ သွေးလှူရှင် ဂုဏ်ပြုလွှာ ချီးမြှင့်ပွဲကို တက်ရောက်ကြဖို့ ဖိတ်ကြားထားတာ ဖြစ်ပါတယ်။ အခမ်းအနားအစီအစဉ်ကို အောက်ပါပုံမှာ click နှိပ်ပြီး ကြည့်နိုင်ပါတယ်။ OBP (Oversea Burmese Patriot) အဖွဲ့က ဦးစီးကျင်းပတာ ဖြစ်ပါတယ်။

s0wha1

Friday, October 26, 2007

(၃၈)ဖြာ မင်္ဂလာတရားတော်



(၁) အသေ ၀နာစ ဗာလာနံ - သူမိုက်ကို မမှီဝဲ၊ မဆည်းကပ်ခြင်းသည် လည်းကောင်း၊

(၂) ပဏ္ဍိတာ နဉ္စ သေ၀နာ - ပညာရှိကို မှီဝဲ၊ ဆည်းကပ်ခြင်းသည် လည်းကောင်း၊

(၃) ပူဇာစ ပူဇနေယျာနံ - ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် လည်းကောင်း၊

(၄) ပတိရူပ ဒေသ ၀ါသောစ- သင့်တင့်လျောက်ပတ်သော အရပ်ဒေသ၌ နေထိုင်ခြင်းသည် လည်းကောင်း၊

(၅) ဗုဗ္ဗေစ ကတ ပုညတာ - ရှေးဘ၀က ပြုခဲ့ဘူးသော ကောင်းမှုရှိခြင်းသည် လည်းကောင်း၊

(၆) အတ္တ သမ္မာ ပဏိဓိစ - မိမိ ကိုယ်နှင့် စိတ်ကို ကောင်းအောင် ထားခြင်းသည် လည်းကောင်း၊

(ရ) ဗာဟု သစ္စဉ္စ -အကြားအမြင် ဗဟုသုတရှိခြင်းသည် လည်းကောင်း၊

(၈) သိပ္ပဉ္စ - စက်မှုလက်မှုစသော သိပ္ပံအတတ်ပညာ တတ်မြောက်ခြင်းသည် လည်းကောင်း၊

(၉) သုဘာ သိတာစ - ကိုယ်၊ နှုတ်၊ နှလုံးကို ယဉ်ကျေးအောင် ဆုံးမတတ်သည့် ၀ိနည်းကို ကောင်းစွာ သင်ယူခြင်းသည် လည်းကောင်း၊

(၁၀) ယာဝါစ - ကောင်းသောစကားကို ပြောဆိုတတ်ခြင်းသည် လည်းကောင်း၊

(၁၁) မာတာ ပိတု ဥပဋ္ဌာနံ - အမိအဖကို လုပ်ကျွေး၊ မွေးမြူခြင်းသည် လည်းကောင်း၊

(၁၂) ပုတ္တ ဒါရဿ သင်္ဂဟော - သားမယားကို ထောက်ပံ့ ပေးကမ်းခြင်းသည် လည်းကောင်း၊

(၁၃) အနာ ကုလာစ ကမ္မန္တာ - မိမိကိုယ်ကို မထိခိုက်သောအလုပ်ကို လုပ်ခြင်းသည် လည်းကောင်း၊

(၁၄) ဒါနဉ္စ - ပေးကမ်း လှူဒါန်းခြင်းသည် လည်းကောင်း၊

(၁၅) ဓမ္မာ စရိယာစ - မြတ်သောအကျင့်ကို ကျင့်ခြင်းသည် လည်းကောင်း၊

(၁၆) ညာတကာ နစ္စ သင်္ဂဟော - ဆွေမျိုးတို့အား ထောက်ပံ့ ပေးကမ်းခြင်းသည် လည်းကောင်း၊

(၁၇) အန ၀ဇ္ဇာနိ ကမ္မာနိ - အပြစ်မရှိ အကုသိုလ်ကင်းသော အလုပ်ကို လုပ်ခြင်းသည် လည်းကောင်း၊

(၁၈) အာရတိ ပါပါ - မကောင်းမှု ဟူသမျှကို ဝေးဝေးရှောင်နိုင်ခြင်းသည် လည်းကောင်း၊

(၁၉) ၀ိရတိ ပါပါ - မကောင်းမှုဟူသမျှကို မကျုးလွန်အောင် အထူးရှောင်နိုင်ခြင်းသည် လည်းကောင်း၊

(၂၀) မဇ္ဇပါနာစ သံယမော - သေရည်၊ သေရက်၊ မူးယစ်ဆေးဝါးတို့ကို မသောက်စားဖြစ်အောင် ရှောင်ကြဉ်နိုင်ခြင်းသည် လည်းကောင်း၊

(၂၁) အပ္ပမာဒေါစ ဓမ္မေသု - ကုသိုလ်ကောင်းမှုအလုပ်ကို မပြတ်သတိရပြီး မမေ့မလျော့ ဆောင်ရွက်ခြင်းသည် လည်ကောင်း၊

(၂၂) ဂါရဝေါစ - ရိုသေထိုက်သူကို ရိုသေခြင်းသည် လည်းကောင်း၊

(၂၃) နိဝါတောစ - မိမိကိုယ်ကို မောက်မာမှုမပြုဘဲ နှိမ်ချခြင်းသည် လည်ကောင်း၊

(၂၄) သန္တုဋ္ဌိစ - ကိလေသာအာရုံ ကာမဂုဏ်တို့၌ ရောင့်ရဲလွယ်ခြင်းသည် လည်ကောင်း၊

(၂၅) ကတ ညုတာ - သူတပါးက မိမိအပေါ် ပြုဖူးသော ကျေးဇူးကို သိတတ်ခြင်းသည် လည်းကောင်း၊

(၂၆) ကာလေန ဓမ္မဿဝနံ - အခါအားလျော်စွာ တရားနာခြင်းသည်လည်းကောင်း၊

(၂၇) ခန္တီစ - သည်းခံခြင်းသည် လည်းကောင်း၊

(၂၈) သောဝ စဿတာ - သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နာယူလွယ်ခြင်းသည် လည်းကောင်း၊

(၂၉) သမဏာနဉ္စ ဒဿနံ - သူတော်ရဟန်း၊ ပုဏ္ဏားတို့အား ဖူးမျှော်ရခြင်းသည်လည်းကောင်း၊

(၃၀) ကာလေန ဓမ္မသာ ကစ္ဆာ - အခါအားလျော်စွာ တရားဆွေးနွေးခြင်းသည်လည်းကောင်း၊

(၃၁) တပေါစ - ခြိုးခြံစွာ ကျင့်ခြင်းသည် လည်းကောင်း၊

(၃၂) ဗြဟ္မ စရိယဉ္စ - မြတ်သောအကျင့်ကို ကျင့်ခြင်းသည် လည်းကောင်း၊

(၃၃) အရိယ သစ္စာန ဒဿနံ -အရိယသစ္စာတရားကို သိမြင်ရခြင်းသည် လည်းကောင်း၊

(၃၄) နိဗ္ဗာန သစ္ဆိကိရိယာ - နိဗ္ဗာန်ချမ်းသာကို မျက်မှေက်ပြုနိုင်ခြင်းသည်လည်းကောင်း၊

ဖုဋ္ဌဿ လောက ဓမ္မေဟိ - လောကဓံတရား(၈)ပါးတို့နှင့် ကြုံကြိုက်ရသော ရဟန္တာသူမြတ်တို့၏ စိတ်သည်

(၃၅) စိတံ ယဿ နကမ္မတိ - မတုန်လှုပ်ခြင်းသည် လည်းကောင်း၊

(၃၆) အာသောက - စိုးရိမ်မှု မရှိခြင်းသည် လည်းကောင်း၊

(၃၇) ၀ိရဇံ - ရမ္မက်ကင်းခြင်းသည် လည်းကောင်း၊

(၃၈) ခေမံ -ဘေးရန်မရှိခြင်းသည် လည်းကောင်း၊
ဧတံမင်္ဂလ မုတ္တမံ - ကောင်းမြတ်သော မင်္ဂလာတရားတို့ပေတည်း။

Thursday, October 25, 2007

စိတ်တစ္ဆေ




တွဲငင်ရစ်ပတ်
ဒီနှောင်ကြိုး၌
မင်းချစ်နေမြဲ ထင်လိုသည်။

သံသယ မြူတမှုန်
မသဲကွဲလည်း
စိတ်ကူးယဉ်မြဲ ယဉ်လိုသည်။

မှုန်ဝါး ယိမ်းယိုင်
ရှေ့ဆက်အလှမ်း
ကမ်းလင့်၍ကြို
မျှော်လင့်လိုသည်။

တွဲရက် လက်တွေ
ဖယ်ခွါ အားလျော့
ချစ်ခြင်း၊ မုန်းခြင်း ကင်းလိုသည်။

s0wha1
အောက်တိုဘာ ၂၀


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Tuesday, October 23, 2007

မိုးပြိုခြင်း



ဝိုင်ချိုချို တစ်ခွက်လို
ကောင်းကင်ယံမှာ ယစ်မူး
ငါ့ အာရုံမှာ ဗလာ
မျှော်လင့်ခြင်း တေးသံမဲ့
အတိတ်တွေ ပျောက်ဆုံး
အနာဂတ်ဆိုတာ မရှိ၊
ပစ္စုပ္ပန် နတ္ထိ
ခပ်ရင့်ရင့် အတ္တနဲ့
သံသယ မြူဆိုင်ထုကြား
မိုးပြိုသောနေ့...

s0wha1
19 October


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Sunday, October 21, 2007

အန်တီစုရဲ့ စာ၊ ကဗျာ အချို့



Friendster က profile တခုမှာ တင်ထားတာ မြင်လို့ ပြန်တင်လိုက်ပါတယ်။

s0wha1

Saturday, October 20, 2007

ကာတွန်းတွေက ပြောသော အမှန်တရား (၁)





ဟစ်တိုင်၊ ရိုးမခေတ်ပြိုင် တို့မှ ကူးယူ ဖော်ပြသည်။

s0wha1

သေပြည်တော်



မြန်မာအစိုးရရဲ့ အင်္ဂလိပ်သတင်းစာမှာ နေပြည်တော်ကို သေပြည်တော်လို့ မှားရေးထားတာလေးပါ။


Friday, October 19, 2007

ဗမာပြည်ငြိမ်းချမ်းရေးအတွက် ကမ္ဘာ့ပထမဦးဆုံး အမျိုးသမီးအတွင်းခံဘောင်းဘီ စစ်ဆင်ရေးစတင်



လက်ရှိဆင်နွှဲလျှက်ရှိသော ဗမာပြည်လွတ်မြောက်ရေး လူထုတိုက်ပွဲသည် ကမ္ဘာကျော် အိန္ဒိယ၊ တောင်အာဖရိက၊ ပိုလန်နိုင်ငံများတွင် လွတ်မြောက်ရေးတိုက်ပွဲများအတွက် အသုံးချခဲ့သော အကြမ်းမဖက် နည်းနာများ အားလုံးနည်းပါးကို အသုံးချခဲ့ခြင်း ဖြစ်သည့်အတွက် ကမ္ဘာ့ သမိုင်းတွင် အကောင်းဆုံးသော တော်လှန်ရေးဟု တင်စား၍ပင် ရနိုင်လောက်ပေသည်။ ထိုအကောင်းဆုံး တော်လှန်ရေးအား ယခုနောက်ဆုံး တိုက်ပွဲပုံစံ အသစ်က ထပ်မံအားဖြည့် ပေးလိုက်ပြီး၊ ကြားရသူပေါင်းကို အံ့အားသင့်သွား စေခဲ့ပေသည်။ကနေဒါ၊ သြစတေးလျှ၊ စင်ကာပူနှင့် အနောက်နိုင်ငံများမှ အမျိုးသမီးများသည် “မြန်မာပြည် လွတ်မြောက်ရေး အတွက် အမျိုးသမီး အတွင်းခံတိုက်ပွဲဟု” အမည်ပေးထားသော ကမ်ပိမ်းတစ်ခုကို စတင်လိုက်သည်။ ၄င်းတို့အနေဖြင့် အမျိုးသမီးအတွင်းခံများကို ကမ္ဘာတစ်လွှားရှိ မြန်မာစစ်အစိုးရ သံရုံးများသို့ ပေးပို့လျှက်ရှိသည်။ ဤ ကမ်ပိမ်းကိုလုပ်ရခြင်း ရည်ရွယ်ချက်မှာ မြန်မာစစ်အစိုးရမှ ရန်ကုန်မြို့ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများတွင် အမျိုးသမီးအတွင်းခံများ တွေ့ရှိကြောင်းစစ်အစိုးရမှ လိမ်လည်ပြောဆိုခဲ့၍ ဖြစ်ပါသည်ဟု ကမ်ပိမ်းကို ဦးဆောင်လျှက်ရှိသော အမျိုးသမီးတစ်ဦးမှ ပြောကြားသည်။ ၄င်းတို့မှ ကမ္ဘာတစ်လွှားရှိ အမျိုးသမီးများအား မိမိတို့၏ အတွင်းခံများကို နီးစပ်ရာ မြန်မာသံရုံးများသို့ ပို့ကြရန် တိုက်တွန်း နိုးဆော်ထားသည်။

ကမ္ဘာတစ်လွှားမှ မြန်မာသံရုံး ၀န်ထမ်းများ အနေဖြင့် ၂၀၀၇ ခုနှစ်ခရစ်စမတ် ရာသီအတွက် လက်ဆောင် ပူပန် နေစရာ မလိုအပ်တော့ ကြောင်း အမေရိကန် နိုင်ငံတွင် ကျောင်းတက် နေသော မြန်မာ ကျောင်းသား တစ်ဦးမှ ပြောကြားသည်။

--------------------------------------------------------------------------------------------

Myanmar embassies in protest

Updated: 6:19 a.m. ET Oct. 19, 2007

BANGKOK, Thailand - Women in several countries have begun sending their panties to Myanmar embassies in a culturally insulting gesture of protest against the recent brutal crackdown there, a campaign supporter said Friday.

"It's an extremely strong message in Burmese and in all Southeast Asian culture," said Liz Hilton, who supports an activist group that launched the "Panties for Peace" drive earlier this week.

The group, Lanna Action for Burma, says the country's superstitious generals, especially junta leader Gen. Than Shwe, also believe that contact with women's underwear saps them of power.

To widespread international condemnation, the military in Myanmar, also known as Burma, crushed mass anti-regime demonstrations recently and continues to hunt down and imprison those who took part.

Hilton said women in Thailand, Australia, Singapore, England and other European countries have started sending or delivering their underwear to Myanmar missions following informal coordination among activist organizations and individuals.

"You can post, deliver or fling your panties at the closest Burmese Embassy any day from today. Send early, send often!" the Lanna Action for Burma Web site urges.

"So far we have had no response from Burmese officials," Hilton said.

Thursday, October 18, 2007

ကိုမင်းကိုနိုင် မွေးနေ့ အမှတ်တရ



မြန်မာနိုင်ငံခေါင်းဆောင်တွေထဲမှာ အမျိုးသားခေါင်းဆောင်ကြိး ဗိုလ်ချုပ်အောင်ဆန်း၊ ချစ်လှစွာသော အန်တီ ဒေါ်အောင်ဆန်းစုကြည် ပြီးရင် ကျွန်မ အလေးစားဆုံးက ကျောင်းသားခေါင်းဆောင် ကိုပေါ် ခေါ် ကိုမင်းကိုနိုင်ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ သူ့ရဲ့ ၄၅ နှစ်မြောက်မွေးနေ့မှာ (ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်) သူ့ဘ၀တခုလုံး ပေးဆပ်ထားတဲ့ သူချစ်သော တိုင်းပြည်နဲ့လူမျိုးတွေ အမြန်ဆုံး လွတ်မြောက်ပြီး အေးချမ်းသာယာတိုးတက်သော မြန်မာနိုင်ငံတော်ကြီးကို ပိုင်ဆိုင်ရဖို့ ဆန္ဒပြုမိပါတယ်။





ကျွန်မ အလွန် နှစ်သက်မိတဲ့ ကိုမင်းကိုနိုင်ရဲ့ ကဗျာတစ်ပုဒ်ပါ။

သစ္စာ

အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည်သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီသေးလျှင်
အသင်တို့သွေး ပတ်ဖျန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိဉာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနဲလျှင်
သင်တို့ဝိဉာဉ် ပူးကပ်ဝင်၍
ကျွန်ုပ်အား ထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား
အမျိုးဂုဏ်မောက် သစ္စာဖေါက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွှတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပစ် ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်အသက် လမ်းတ၀က်မှ ပေးဆပ်ရလည်း
လူ့ဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တစ်ရပ် ကျေပြွန်မှတ်၍
ထပ်ဆင့်ပျော်ရွှင် ကျွန်ုပ်ဝိဉာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုဆိုကြပါလေ။

မင်းကိုနိုင်


s0wha1

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*