Wednesday, September 26, 2007

ဆန္ဒပြဦးမှာ



"ကျေးဇူးရှင် ပြည်သူတွေကို စော်ကားတယ်ဆိုရင် မြန်မာပြည်က ထောင်တွေကို ငါတို့ သံဃာတော်တွေနဲ့ ဖြည့်လိုက်မယ်ဟေ့။"
ဆန္ဒပြသံဃာတော် ခေါင်းဆောင်တဦး။

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုကြီးမှ ဦးဆောင်ကိုယ်တော်သံတပါးဖြစ်သည့် အရှင်ခေမိန္ဒက “ဦးပဉ္ဇင်းတို့ကတော့ ငြိမ်းချမ်းတဲ့နည်းဆိုတဲ့လမ်းစဉ်ကလွဲလို့ တခြားနည်းလမ်း ဘာကိုမှကိုင်စွဲဖို့ ဆုံးဖြတ်မထားဘူး။ ဒီနည်းနဲ့ပဲ လှုပ်ရှားမှုကို ဦးဆောင်သွားမယ်”ဟု မိန့်တော်မူသည်။

ဘုရားရှင်တော်ခြေတော်ရင်းဖြစ်သည့် အောင်မြေအရပ်တွင် သစ္စာပြုကြရန် တိုင်းနှင့် ပြည်နယ်များရှိ သံဃာတော်များကို သံဃာ့တပ်ပေါင်းစုကြီးက နှိုးဆော်ထားကြောင်း ဦးခေမိန္ဒကပြောသည်။ ၎င်းသစ္စာအဓိဌာန်မှာ “သံဃာထုတရပ်လုံး၏ ပတ္တနိက္ကုဇ္ဇနကံဆောင်မှုသည် ဗုဒ္ဓ၏ဓမ္မစက်အာဏာ အစစ်အမှန် ဖြစ်သည်။ ဒီကံကိုဆောင်ကြတဲ့ သံဃာထုသည်လည်း ဗုဒ္ဓ၏သားတော်များအစစ်အမှန်များ ဖြစ်ကြသည်။ ဤမှန်ကန်သော သစ္စာ စကားကြောင့် … ဗုဒ္ဓသားစစ်ဖြစ်တဲ့ သံဃာထုတရပ်လုံးနဲ့ ဗုဒ္ဓထားတော်မူခဲ့တဲ့ အာဏာနဲ့ သာသနာတော်ကို ဖျက်ဆီး စော်ကားနှိပ်စက်နေကြတဲ့ ဆန့်ကျင်မျက်ကွယ်ပြုသူများ အာဏာရှင်မာနတ် အားလုံးကို ဗုဒ္ဓရဲ့ဒဏ်၊ သာသနာတော်ရဲ့ဒဏ်၊ သံဃာ့ကံရဲ့ဒဏ်၊ ဓမ္မစက်ရဲ့ဒဏ်၊ ပြည်သူများရဲ့ဒဏ်၊ မေတ္တာတရားရဲ့ဒဏ်၊ သာသနာစောင့်နတ်အပေါင်းတို့ရဲ့ဒဏ် အပေါင်းကို လက်ငင်းမကြာ ချက်ချင်းခဏ ဒိဌဓမ္မ ရင်ဆိုင်ခံစားကြစေသောဝ်” ဟု ဦးခေမိန္ဒက ပြောသည်။

*** ***

ပြည်သူတွေအနေနဲ့ မတရားတဲ့ အမိန့် မှန်သမျှကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်သွားမှာပါ။ ဒါကြောင့် အသိစိတ်ရှိရှိနဲ့ ငုံ့မခံဘဲ တတ်နိုင်သလောက် ပြန်ပြီး တော်လှန်သွားမှာပါ။ ပြည်သူတွေအားလုံး အရင်နေ့များလို လမ်းမပေါ် ဆက်ထွက်ကြမှာပါ။ အားလုံးကိုလည်း အတူတကွ ပူးပေါင်းပါဝင်ကြဖို့ ပြောလိုပါတယ်။

နအဖ၏ ရက်စက်မူများကို သိပြီးသား ပြည်သူလူထုကြီးက စိုးရိမ်နေကြပါတယ်။
ဒါပေမယ့် ရဲရဲတောက် အာဇာနည်ဖြစ်တဲ့ သံဃာတော်တွေက နောက်မဆုတ်ဘူးလို့ ဆိုကြပါတယ်။

ပြည်သူတွေက ဘုန်းဘုန်းတွေကို ပစ်ရင် သူတို့က ရှေ့မှာ နေကြမယ်လို့ ပြောကြပါတယ်။

ဘုန်းဘုန်းတွေကလည်း တကယ်လို့ မတရားဖမ်းဆီးတာတွေ လုပ်ရင် အားလုံး ရဲစခန်းတွေ၊ ထောင်တွေကို သွားပြီး အဖမ်းခံကြမယ်လို့ ပြောနေကြပါတယ်။

s0wha1


Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*