Saturday, September 29, 2007

၂၉ ရက် စနေည



ဒီနေ့ကတော့ မနေ့ကထက် လူပိုများပါတယ်။ ဘုန်းကြီးကျောင်း သုံးထပ်လုံးအပြည့်ပါပဲ။ ကျောင်းပေါ်ကို တက်မရလောက်အောင် လူတွေများနေလို့ ကျောင်းဝန်း အတွင်းအပြင်ကိုပဲ ဓာတ်ပုံရိုက်ခဲ့လိုက်ပါတယ်။ ဒီနေ့ ထူးခြားချက်ကတော့ ကျွန်မတို့ လက်မှတ်၊ အိုင်စီနံပါတ်နဲ့ နာမည်တွေ ကောက်ခံခဲ့တာပါပဲ။ လက်မှတ်ပေါင်း ၃၀၀၀ကျော် ရရှိပါပြီ။ အားလုံးက တက်ကြွစွာနဲ့ လက်မှတ်ထိုး၊ အိုင်စီနံပါတ်တွေ၊ နာမည်တွေ ရေးပေးကြပါတယ်။ အဲဒီ လက်မှတ်တွေကို UN ကို ပို့ဖို့အစီအစဉ်ရှိပါတယ်။ ဒီနေ့လည်း အနီရောင် နေ့တနေ့ပါပဲ။ မနက်ဖြန် နေ့လည် ၂ နာရီမှာ ထပ်ဆုံကြပါဦးမယ်။














*** *** ***

ကိုNWHဆီက ပုံများကို ထပ်မံဖြည့်စွက် လိုက်ပါတယ်။ ဘုန်းကြီးကျောင်း အပေါ်ထပ်က ပုံတွေပါ ကြည့်လို့ရအောင်လို့ပါ။














s0wha1

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*