Sunday, September 9, 2007

သေချာသော



နေ့မှာ လမင်းနဲ့ ကြယ်စုအချို့
ညမှာတော့ နေဆယ်အစင်း
နေ့နဲ့ညတောင် မကွဲပြားဘူးတဲ့။

ဟိုး မိုးကုတ်စက်ဝိုင်းဆီက
မှုန်ပြပြ မျှော်လင့်ချက်လေး
ပင်လယ်ဆီ ငုံ့လျှိုးသွားသတဲ့...

ကြည့်လေရာရာ မင်းအပြုံး
အမြင်အာရုံတွေ ပျက်ဆီးခြင်းအလား
ဒီအရပ်နဲ့ ဒီဇာတ် တိုးဝင်ဖို့ခက်နေသတဲ့။

မချိတရိ ဒီရင်မှာ
ကာရန်မဲ့ ညည်းချင်းတစ်ပုဒ်
မေ့ပျောက်လို့ ရနိုင်ဘူးတဲ့...

အမုန်းမဲ့ တောင်တန်းနဲ့
ပြာလွင့်လွင့် သစ္စာတရားက
ဘယ်ခါမှ မပြောင်းလဲဘူးတဲ့။

သေချာသော သေချာမှုကတော့
ဒီသံသရာအဆုံး
ကောင်းကင်နဲ့ မြေကြီးကလေ
ကွာဟမြဲ ကွာဟလျက်
အနိမ့်၊ အမြင့်မဟုတ်သော
မျဉ်းပြိုင်ချင်း ပေါင်းစည်းမရသလို
ဝေးကွာမြဲ ဝေးကွာလျက်တဲ့။...။

s0wha1
ဇူလိုင် ၃၁၊ ညနေ ၄နာရီ


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*