Wednesday, September 5, 2007

အကြိုက်ဆုံး ပို့စ် (၅) ပုဒ်



အန်တီခင်နဲ့ ညီမလေး ညလေးတို့က ကိုယ်ရေးထားတဲ့ထဲက အကြိုက်ဆုံးပို့စ် (၅)ခုကို ရွေးပေးဖို့ တက်ဂ်ထားတာနဲ့ ရွေးလိုက်ပါပြီ... တကယ့်တကယ် ရွေးရမယ်ဆိုတော့ ၅ ပုဒ်ထက် ကျော်နေသလားပဲ။ :P

၁။ ကျွန်မ ချစ်သောအဖေ
အဖေနဲ့ ကျွန်မတို့ရဲ့ အမှတ်တရတွေကို ရေးထားတာပါ။ ရေးနေစဉ်မှာလည်း စိတ်ထဲ တော်တော်ခံစားရပါတယ်။ ရေးချင်တာတွေ အများကြီးထဲက အချို့ကို ရေးထားတာပေါ့။

၂။ လောပိတမှာ နေစဉ်က အကြောင်းတွေနဲ့ ငယ်ငယ်ကအကြောင်းတွေကို ရေးထားတဲ့ ပို့စ်တိုင်းကို ကြိုက်ပါတယ်။ အဲဒီဒေသလေးနဲ့ အချိန်တွေကို လွမ်းဆွတ်စွာနဲ့ တကယ်ကို စိတ်ထဲမှာ နှစ်ပြီး ရေးထားတာကြောင့်ပါ။ လင့်ခ်တော့ ထပ်မထည့်တော့ပါဘူး။

၃။ ကျွန်မရေးတဲ့ ကဗျာတိုင်းကို ကြိုက်ပါတယ်။:D အဲဒီထဲက အကြိုက်ဆုံး ခေါင်းစဉ်လေးတွေကို ထပ်လင့်ခ်လိုက်မယ်နော်...
ခံစားချက်အမှန်တွေမို့လား မသိဘူး။ တခါတခါ ကို ကျွန်မ တော်တော် နှစ်သက်မိပါတယ်။

၎။ မိန်းကလေးများနှင့် ရွေးချယ်ခွင့်
ဒီပို့စ်က ကျွန်မရဲ့ အယူအဆစစ်စစ်တွေပါပဲ။ ဘယ်သူတွေ ဘာပြောပြော ကျွန်မရေးထားတာ ကျွန်မကြိုက်ပါတယ်။

၅။ တကယ်တော့
မြန်မာသံရုံးက တကယ့်အဖြစ်အပျက်ကို ပြန်ရေးထားတာပါ။

ပို့စ် (၅)ခုရွေးခိုင်းတာ ဘယ်နှစ်ခုတောင် ဖြစ်သွားပြီလည်း မသိပါဘူး။ ဒီတက်ဂ်ပွဲကြီးမှာ ကျွန်မ ပါဝင်တာ နောက်ကျနေပြီဆိုတော့ တော်တော်များများ ဘလော့ဂါတွေလည်း ရေးပြီးလောက်ပြီ ထင်ပါတယ်။ ဒါပေမဲ့ ခုတက်ဂ်ပွဲမှာ မရေးကြသေးတဲ့လူတွေလည်း ရှိသေးတယ်။ ထပ် တက်ဂ်လိုက်ပါပြီ...

ကိုမောင်ရင်
ကိုရွက်ဝါ
မောင်လေးမင်းမင်း
မောင်လေး ဘလင့်ခ်
မချစ်လေပြေ

s0wha1

Print this post

3 comments:

ရွက်ဝါ said...

မs0wha1..
ကျွန်တော်လည်း အကြိုက်ဆုံး ပို့စ် ၅ ခုကရေးပြီးပြီ။ ကျွန်တော်ကို လာပြီးတာဝန်ပေးသွားတာက ကိုမိုးစက်မင်းပါ။ မs0wha1 က မြန်မာနိုင်ငံပြန်နေတာနဲ့ ဘလော့ဂ်တွေကို မရောက်ဖြစ်ဘူးထင်တယ်။ ကျွန်တော်က ခေါင်းစဉ်ကို ခတ်ဆန်းဆန်းပေးလိုက်တာလည်း ပါမယ်ထင်တယ်။ အဲဒါခေါင်းစဉ်ကစပြီး မှာတာဘဲ။ ဆရာမဒေါ်မေငြိမ်းက ထောက်ပြပေးသွားတယ်။ အင်တာနက် ကော်နက်ရှင်ကောင်းတာနဲ့ ပြင်လိုက်ပါ့မယ်။ ဒုတိယအကြိမ်လာ tag တဲ့ မs0wha1..ကိုလည်း ကျေးဇူးတင်ပါတယ်။ စလုံးပေါင်းပြင်ပေးတဲ့ ဆရာမကိုလည်း ကျေးဇူးတင်ပါတယ်။
အကြိုက်ဆုံး ၅ ခုရေးပြီးထပ် ရေးထားတာတွေထဲက တစ်ခုကို ထပ်ရွေးပေးလိုက်ပါ့မယ်။

Hteink Min said...

လာမည်ကြာမည်..ဟီး

tayzar said...

အမ ကျွန်တော်ရေးပြီးပြီ နောက်ကျတာ စိတ်မစိုးပါနဲ့နော် ကျွန်တော်က တက်ရင် အမြဲနောက်ဆုံးမှ ပြီးနေကျဖြစ်နေတယ် ၅ ပို့စ်က မနဲရွေးရတယ် ရေးထားတာ သိပ်မရှိတော့လေ

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*