Monday, August 6, 2007

တခါတခါ



တခါတခါ မႈန္ပ်ပ် အနာဂတ္တခုမွာ
သေချာခြင်း ငါ့ဘ၀ကို စတေးဖို့
နှလုံးသားက ခွင့်မပြုခဲ့ဘူး မောင်...

တခါတခါ ငါ့ဦးနှောက်မှာ ဗလာကျင်း
အချစ်တွေနဲ့သာ ပြည့်နေခဲ့ဖို့
ငါ မျှော်လင့်မိတတ်တယ် မောင်...

တခါတခါ ဆန္ဒနဲ့ဘ၀ ထပ်တူကျဖို့
မကြိုးစားရဲခဲ့တဲ့ ငါ
ညံ့ဖျင်းတယ်ဆိုလည်း မငြင်းချင်တော့ဘူး မောင်...

တခါတခါ မိုက်ရူးရဲဆန်တာကို
သတ္တိကောင်းလှချည်ရဲ့လို့
ငါ ခံယူတတ်ခဲ့ချင်တယ် မောင်...

တခါတခါ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်နဲ့
ဘ၀ကို မရှင်သန်ချင်တဲ့ ငါ
ကိုယ့်ကိုယ်ကို မုန်းတီးမိတယ် မောင်...

တခါတခါ ဆန့်ကျင်ဘက် ဘ၀ နှစ်ခု
ခေတ္တ ဆုံစည်းခြင်းကို
တသက်တာအဖြစ် မှတ်ယူလိုက်ချင်တယ် မောင်...

တခါတခါ ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို ရွေးချယ်ရတာလည်း
ဘ၀ရဲ့ နိယာမ တစ်ခု ဖြစ်နေတတ်တယ် မောင်...

တခါတခါ မျက်ရည်ချောင်းရိုးထဲ
ငါ့နေ့တွေ လှော်ခတ်ဖို့တောင်
အတ္တရဲ့ တားမြစ်ခြင်းကို ခံယူခဲ့ရတယ် မောင်...

တခါတခါ ချစ်လျက်နဲ့ ဝေး
ငါ့ရဲ့ ရွေးချယ်မှုကို ဟားတိုက်လို့ ရယ်မော
အားပေးခဲ့ရတယ် မောင်...

တခါတခါ ပန်းတိုင်တစ်ခုရဲ့ အဆုံးသတ်
ဘ၀နဲ့ ဦးနှောက်သာ ရှိနေခဲ့တာ
ငါ နောင်တ မရချင်ဘူး မောင်...

တခါတခါ ငါ့ရင်တွေ ကြေမွ၊ အပူရုပ်ကို ဟန်လုပ်
အပြုံးတုတွေ ဖန်ဆင်းခဲ့ပေမဲ့
တစစီဖြစ်နေတဲ့ ငါ့နှလုံးသားကိုတော့ ယုံကြည်ပေးပါ မောင်...

တခါတခါ ဖြစ်တည်မှုမဲ့၊
ရပ်တည်ချက်ကြောင့်
ငါ ယုံကြည်ရာပဲ ဆက်လျှောက်ချင်တယ် မောင်...

တခါတခါ အရှုံးအနိုင်မရှိတဲ့ ချစ်ခြင်းတရားမှာ
ကျန်ရစ်ခဲ့သူနဲ့ ထားရစ်ခဲ့သူအစား
နေရစ်ခဲ့သူပဲ ငါ ဖြစ်ချင်ခဲ့တယ် မောင်...

ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲပြောပြော
ငါ မင်းကို အရမ်းချစ်ခဲ့ပါတယ် မောင်ရယ်...

s0wha1
(06/08/07) တနင်္လာနေ့


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Print this post

3 comments:

ခင်မင်းဇော် said...

သမီးရေ
နောက်ဆုံးပိုဒ်မှာ မောင်နဲ့ပဲ ဆုံးလိုက်လို့ ရတယ်လေ။
မောင်ရယ်ဆိုတော့ အသံပျော့သွားသလားလို့။

ခင်မင်းဇော် said...

ဆရာ မလုပ်ရမနေနိုင်လို့ပါကွယ်။ ကောင်းတယ် အဲဒီကဗျာလေး။ အင်း သက်ဆိုင်သူဖတ်ဖြစ်ရင်တော့...
............

s0wha1 said...

အန်တီရေ...နောက်ဆုံးစာကြောင်းက တမင် စကားပြောသလိုမျိုး ပျော့ထားတာလေ...ဟီဟီ

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*