Friday, June 22, 2007

s0wha1 နစ်ခ်နှင့် ပတ်သက်၍



ကျွန်မရဲ့ နစ်ခ် s0wha1 ဆိုတာက အင်္ဂလိပ်စကား so what ကနေလာတာပါ။ လူတိုင်းလည်း သိမယ် ထင်ပါရဲ့။ ဒီစကားစုကို ကျွန်မ တော်တော်ကြိုက်ပါတယ်။ တစုံတယောက်က ကိုယ့်ကို ဝေဖန်တာပဲဖြစ်ဖြစ်၊ တိုက်ခိုက်ပြောဆိုတာပဲဖြစ်ဖြစ် "so what = အဲဒီတော့ ဘာဖြစ်လဲ" လို့ ပြန်ပြောလိုက်တာနဲ့ သူ ကိုယ့်ကို ပြောဆိုနေတာတွေ အားလုံးကို ဂရုမစိုက်ဘူးဆိုတာ ပြသလိုက်တာပါပဲ...

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ကျွန်မ ဒီနစ်ခ်ကို သုံးလာတာ ၁နှစ်ရှိပါပြီ။ Forumတွေမှာ၊ Yahoo မှာ၊ Hotmail မှာ၊ Gmail မှာ နောက်ဆုံး Blog မှာလည်း ဒီ nick နဲ့ပါပဲ... အစက Ringo တို့၊ Hi5 တို့မှာ so what နဲ့ account လုပ်တာပါ... ဒါပေမဲ့ တချို့ site တွေမှာ account လုပ်တော့ အဲဒီနစ်ခ်နဲ့ ရှိပြီးသားဖြစ်နေလို့ o နေရာမှာ 0 ထည့်ပြီး s0what ဆိုတဲ့နစ်ခ်နဲ့ Register လုပ်တော့လည်း မရပြန်ဘူး... ဒါနဲ့ t နေရာမှာ 1 ကိုထပ်ထည့်ပြီး s0wha1 ဆိုတာနဲ့ Register လုပ်တော့ အောင်မြင်ပါတယ်... နောက်ပိုင်း ဒီနစ်ခ်လေးကို ကြိုက်တာနဲ့ ဘာ account ပဲ လုပ်လုပ် ဒီနစ်ခ်ပဲ သုံးတော့တယ်... ဒါက ကျွန်မ ခုလက်ရှိသုံးနေတဲ့ နစ်ခ်ဖြစ်ပေါ်လာပုံပါ...

ခု Blog လောကမှာ ကျွန်မ နစ်ခ်နဲ့ ဆင်တူ လူတယောက်ပေါ်လာပါတယ်။
သူက ကျွန်မ နစ်ခ်ရှိမှန်းမသိလို့ သုံးတာလား၊ သူသုံးနေကျ နစ်ခ်မို့ သုံးတာလား ကျွန်မ မသိပါဘူး... ဒါမှမဟုတ် တမင်သုံးလေသလားလည်း မပြောတတ်ပါဘူး... သိသိကြီးနဲ့ တမင် သုံးတာဆိုရင်တော့ ဘယ်လိုရည်ရွယ်ချက်နဲ့လုပ်မှန်း ကျွန်မ နားမလည်ရိုးအမှန်ပါ... online မှာ nick ဆိုတာမျိုးက ကိုယ်ကြိုက်ရာ သုံးခွင့်ရှိပါတယ်... ဒါကို ကျွန်မလည်း သဘောပေါက်ပါတယ်။ အဲဒီတော့ သူ့နစ်ခ်က ကျွန်မနစ်ခ်နဲ့ တော်တော်ကြီးဆင်တူနေတာကို ကျွန်မအနေနဲ့ ဘာမှ မပြောလိုပါဘူး... ဒါပေမဲ့ ကျွန်မ မိတ်ဆွေများ အထင်လွဲမှားမှုမဖြစ်လေအောင် ဒီကိစ္စကို ပို့စ်တခုရေးပြီး ကျွန်မ ရှင်းပြနေရတာပါ...

ဒီမနက် ကိုရန်အောင်က
Myanmar Bloggers Association မှာ s0wHaT ဆိုတဲ့နစ်ခ်နဲ့ ရေးထားတဲ့ ကွန်မန့်နဲ့ ပတ်သက်ပြီး ကျွန်မကို လာမေးပါတယ်။ သူနဲ့တကွ တော်တော်များများက ကျွန်မလို့ထင်နေတာပါ... ကျွန်မက သိတောင်မသိဘူး၊ ကိုယ်နဲ့ဆိုင်တဲ့ကိစ္စလို့လည်း မထင်မိပါဘူး... ကျွန်မခင်တဲ့၊ ကျွန်မနဲ့ရင်းနှီးတဲ့ ဘလော့ဂ်တွေက လွဲလို့ ကျန်တဲ့ ဘယ်လို ဘလော့ဂ်မျိုးမှာမှ ကျွန်မ ကွန်မန့်ရေးလေ့မရှိပါဘူး... ဘယ်သောအခါမှလည်း ရေးမှာ မဟုတ်ပါဘူး... အထူးသဖြင့် Negative အမြင်နဲ့ ကွန်မန့်တွေကို ကျွန်မက လူအမြင်ကတ်ခံပြီး ရေးစရာအကြောင်းမရှိတာပါ... စီဘောက်မှာသာ "လာလည်သွားပါတယ်" နဲ့ "မင်္ဂလာပါ" ပဲ ကျွန်မရေးလေ့ရှိပါတယ်... တကြိမ်သာရေးပြီး နောက်အကြိမ်တွေလည်း ရေးခဲတယ်... ဘာရေးရမှန်း မသိတာရော၊ ရေးရမှာ ပျင်းတာရောကြောင့်ပါ... သူများဖန်တီးထားတာ၊ ရေးထားတာတွေကို ကျွန်မအနေနဲ့ ကွန်မန့်ရေးပြီး ဖျက်လို၊ ဖျက်ဆီး ဝေဖန်ရလောက်အောင်လည်း ကျွန်မ ဘာမှမသိ၊ ဘာမှမတတ်... အဲဒီတော့ ကျွန်မနစ်ခ်နဲ့ဆင်တူသောနစ်ခ်နဲ့ နောက်တကြိမ် ဒီလို ကွန်မန့်မျိုးတွေ ထပ်တက်လာခဲ့ရင် ကျွန်မနဲ့ လုံးဝမသက်ဆိုင်ကြောင်း ဒီနေရာကနေ ပြောချင်ပါတယ်...

s0what ဆိုတဲ့နစ်ခ်နဲ့လူ ကွန်မန့်ရေးခဲ့တဲ့ နေရာက ဒီမှာ ပါ... အဲဒီနစ်ခ်ပိုင်ရှင်ရဲ့ ဘလော့ဂ်ကို သွားကြည့်တဲ့အခါ ဘလော့ဂ်လိပ်စာ နှစ်ခုကို တွေ့ရသော်လည်း တခုမှ ပို့စ်မတင်ရသေးပါဘူး... သူ့ရဲ့ ဘလော့ဂ် လိပ်စာတွေကတော့ http://s0wa1.blogspot.com/ နဲ့ http://s0whatt.blogspot.com/ တို့ပါ... ကျွန်မဘလော့ဂ်လိပ်စာက http://s0wha1.blogspot.com/ ပါ...
ကျွန်မဘလော့ဂ်လိပ်စာနဲ့ တော်တော်ကိုတိုက်ဆိုင်စွာ ဆင်တူတဲ့ ဘလော့ဂ်လိပ်စာတွေပဲလို့ ပြောရမှာပါပဲ...

ကျွန်မအနေနဲ့ကလည်း ဘလော့ဂ်လေးမှ ရေးမယ်မကြံသေးပါဘူး... ရန်သူတော်တွေကလည်း များလှပါတယ်... ရန်သူဆိုတာက ကျွန်မဘက်က သဘောထားတာမဟုတ်ပါဘူးနော်... သူတို့ဘက်ကသာ ကျွန်မကို ရန်သူလို ဆက်ဆံနေကြတာ... ကျွန်မက စိတ်ထဲမှာတောင်မရှိပါဘူး... ခုလောလောဆယ် ကျွန်မရဲ့ စီဘောက်မှာ ပေါက်ကရလာရေးကြလို့ မြန်မာနိုင်ငံက အိုင်ပီလိပ်စာ ၂ ခုနဲ့ စင်္ကာပူက အိုင်ပီလိပ်စာ ၂ ခုကို block/ban လုပ်ထားရတယ်... အဲဒီ အိုင်ပီရှင်တွေက ဘယ်သူ၊ ဘယ်ဝါတွေပါ ဆိုတာကို (ကျွန်မ သိသော်လည်း) မပြောတော့ပါဘူး...
ကျွန်မ ဒီနစ်ခ်ကိုသုံးတာလည်း ကြာပြီဆိုတော့ ကျွန်မရဲ့ အပြင်ကသူငယ်ချင်းတွေ၊ အွန်လိုင်းသူငယ်ချင်းတွေ အားလုံး ကျွန်မ ဘယ်သူဆိုတာ သိကြပါတယ်... ကျွန်မအနေနဲ့ ကျွန်မ မည်သူ၊ မည်ဝါ ဖြစ်ကြောင်း လျှို့ဝှက်ထားစရာ အကြောင်းလုံးဝမရှိပါဘူး... အဲဒါကို စီဘောက်မှာ ကျွန်မနာမည်နဲ့တကွ တမိသားစုလုံးနာမည်ပါ လာအော်တဲ့လူက ရှိပါသေးတယ်...

နိဂုံးချုပ်အနေနဲ့ပြောရရင် အန်တီငြိမ်း(မေငြိမ်း)၊ မမေ(မေဓာဝီ)၊ ကိုကြီးစေးထူး(ကလိုစေးထူး)၊ ချိုကို(chocolaier)၊ မင်းမင်း တို့ရဲ့ ဘလော့ဂ်တွေကို လာပြီး ဝေဖန်တိုက်ခိုက်ရင်သာ ကျွန်မက အမုန်းခံ ပြန်ပြောမှာဖြစ်ပြီး တခြား (မည်သူတဦးတယောက်ရဲ့) ဘယ်လိုဘလော့ဂ်မျိုးမှာမှ၊ ဘာအကြောင်းနဲ့မှ ကျွန်မ ၀င်ရောက် ပတ်သက်၊ ပြောဆို၊ ဝေဖန်၊ ကွန်မန့်လုပ်စရာအကြောင်း (လုံးဝ) မရှိပါဘူးဆိုတာပါပဲ... အားလုံးကို ကျေးဇူးတင်ပါတယ်...

ကွန်မန့်နဲ့ပတ်သက်ပြီး ကျွန်မကို ပွင့်ပွင့်လင်းလင်းလာမေးတဲ့ ကိုရန်အောင်ကို အထူး ကျေးဇူးတင်ပါတယ်...


s0wha1


Print this post

5 comments:

Chocolaier said...

မမရေ...
နစ် တူနေတာကတော့ အံ့သြစရာပဲနော်။ တိုက်ဆိုင်တာဆိုရင်လည်း တော်တော်တိုက်ဆိုင်တာပဲနော်။ မမနာမည်လေးကို သဘောကျလို့ စုတုပြုနဲ့တူပါရဲ့... :P

ကလိုစေးထူး said...

တော်တော်လေးကို စနစ်ကျတဲ့ တိုက်ဆိုင်မှုလို့သာ စိတ်ထဲမှာ မှတ်လိုက်ပါ ညီမရေ…။ ချိုကိုပြောသလိုပေါ့…၊ ညီမ နာမည်ကို သဘောကျလို့ စုတုပြုတယ်လို့သာ သဘောထားပေါ့။ သေသေချာချာကြည့်ရင် ညီမက ပုံလေးလုပ်ထားတော့ သူနဲ့ မတူပါဘူး။ အစကတော့ ညီမသွားပြောထားတာမှတ်လို့ စိတ်ထဲ တမျိုးထင်လိုက်မိသေးတယ်။ အခုတော့ ရှင်းသွားပါပြီ။

မေဓာဝီ said...

ခုလို သေချာ ရှင်းပြလိုက်တာ ကောင်းပါတယ် ညီမလေး။ နာမည်ဆင်တိုးယိုးမှား ပြဿနာက ဖြစ်တတ်ပါတယ်။ (ကို) ကလိုစေးထူး ကိုဆိုရင် မြန်မာချက်မှာ တွေ့ခါစက ဂျာမဏီ ဘောလုံးသမား ကလိုဆေးများလားလို့ ထင်မိသေးတာ။ တော်သေးတာက သူက ထူးတလုံး ပိုနေလို့ ...
အင်း အခုတော့ မဟုတ်မှန်း သိသွားပါပြီ။ သူက ဘောလုံးပွဲသာ ကြိုက်တာ ... နိုင်အောင် ကန်တတ်ပုံ မပေါ်ဘူး။ အဲ ... ညီမကွန်မန့်ထဲ လျှောက်ရေးနေမိတာ ...ဆောရီး :P

s0wha1 said...

ခု အဲဒီ ဘလော့ဂ်ပိုင်ရှင် အဲဒီဘလော့ဂ်တွေကို ဖျက်ပစ်လိုက်ပြီဗျ... ထူးဆန်းတယ်နော်...

s0wha1 said...

22 Jun 07, 12:16
Yan: မဆိုးဝှက်လေးရေ... လာလည်သွားပါတယ် ခင်ဗျာ. ရှင်းလင်းချက်ကို ဖတ်သွားပါတယ်. အင်မတန်မှ လျော်ကန်သင့်မြတ်လှပါကြောင်း... :D

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*