Saturday, June 23, 2007

No Title


ˍˍ▊ˍˍ*ˍˍ . .*

/\*﹨*﹨***\.**.

******\° *
********│.▲
**** ╭┬╮*│◢█
◣ @ │ *║ │││ ◢███
◣ ║╓╥╥╥* ● ● ╥*╥╥
╥╥▊╖ ╔╩╬╬╬╬ _/█_/█_
╔╩╬╬╬╬╬╬



ပျင်းရိခြင်းတွေကို
အချိန်တွေနဲ့ စတေး။
မနက်ဖြန်ပေါင်းများစွာကို
ကျော်ဖြတ်ဖို့
ငြီးငွေ့ခြင်းတွေကို
အဖော်ပြု။
အိပ်မက်တောင်
အတူမက်ခွင့်မရှိတဲ့
မင်းနဲ့ငါရဲ့ ကွာဝေးမှုက
အချိန်တိုင်း ငါ့ကို
တစ္ဆေခြောက်နေတဲ့အလား။
မျှော်လင့်ချက်ဆိုတာ
မရှိခဲ့ရင်
ငါ့ဘ၀ ရှင်လျက်နဲ့ သေခဲ့ပြီ။ ။

+++ +++ +++



ဒီနေ့လည်း စာရေးရမှာ ပျင်းတာနဲ့ ဟိုးအရင်က ကျွန်မရေးထားခဲ့တဲ့ ကဗျာတစ်ပုဒ်ပဲ တင်လိုက်တော့တယ်... နောက်နေ့တွေတော့ စာရေးချင်စိတ်ရှိအောင် ကြိုးစားလိုက်ပါဦးမယ်...:P

s0wha1

Print this post

1 comments:

မေဓာဝီ said...

ညီမလေးကဗျာက ..
ပျင်းတာရယ် ...ငြီးငွေ့တာရယ် ...
စာရေးရမှာ ပျင်းလို့ တင်တဲ့ ကဗျာဆိုတော့ လိုက်လဲ လိုက်ပါတယ် ...
ပျင်းနေတဲ့ ညီမလေး ... အိပ်ရေး၀၀ အိပ်စက်နိုင်ပါစေ ...နော် :P

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*