Wednesday, June 6, 2007

ကျွန်မ ညီမလေးရဲ့ မင်းအကြောင်း မဟုတ်တဲ့ကဗျာ



ကျွန်မ ဒီနေ့တော့ စောစောအိပ်ချင်တာနဲ့ ကျွန်မညီမလေးရဲ့ တစ်ပုဒ်တည်းသော ကဗျာလေးကိုပဲ တင်လိုက်ပါတယ်... ခံစားပေးကြပါဦး...

*******


မင်းအကြောင်း မဟုတ်တဲ့ကဗျာ

လေလိုပဲ...
ငါဒီနေ့ လူတစ်ယောက်ကို ခင်းကျင်းပြသဖို့ အတွေးတွေကို လိုက်ဖမ်းနေခဲ့တယ်...
တခါတလေ လွတ်ထွက်သွားလို့ ပြန်လိုက်ကောက်တယ်...
ဒါပေမယ့် တချို့ ဖိတ်ကျန်ခဲ့တယ်...
ငါလည်း ပြန်မခေါ်ချင်တော့ဘူး...

ပင်လယ်လိုပဲ...
ကိုယ့်မှာရှိသမျှတွေနဲ့ အစွမ်းကုန်ပေးဆပ်ခဲ့တယ်...
ဒါပေမယ့် ကိုယ်ပေးတာရဲ့ထိုက်တန်တဲ့ တုန့်ပြန်မှုကိုမရခဲ့တော့...
အဲ့ဒါကို လွှတ်ချပစ်လိုက်တယ်...
ဘယ်တော့မှ ပြန်လှည့်မကြည့်ခြင်းတွေနဲ့အတူ မြစ်နဲ့ဝေးရာကို ထွက်သွားခဲ့တယ်...
ကိုယ့်ရဲ့ စွဲလမ်းခြင်းတွေ၊ သတိရခြင်းတွေကတော့ မြစ်ရိုးတလျှောက် ကျန်ရစ်ခဲ့လေရဲ့...

မင်းလိုပဲ...
ငါဟာ ဘာမှမက်မောစရာမကောင်းတဲ့ လူတစ်ယောက်ပါ...
ငါ့ဆီမှာ အစိမ်းရောင်ဆံပင်လို အတွေးတွေရယ်၊ အဖြူသက်သက် ရူးသွပ်မှုတွေရယ်
ဒါပဲရှိတယ်...
မင်းကငါ့ဆီက ဘယ်အရာကိုများ စွဲလန်းမက်မောနေတာလဲ ???

ရှားငယ်

*******

s0wha1

Print this post

5 comments:

ကလိုစေးထူး said...

ရှားငယ်ကိုပါ ဘလော့ဂ်ရေးဖို့ မြှောက်ပေးဦးမှ .. :D

မေဓာဝီ said...

ညီအမတွေကတော့ တယ်လဲ ဟုတ်နေကြပါလား။ စာပေ၀ါသနာတူ ညီအမဆိုတော့ ကောင်းတာပေါ့နော်။ ကိုသံလွင်ပြောသလိုပဲ ရှားငယ်ကိုပါ ဘလော့ရေးဖို့ တိုက်တွန်းပါလား။ တခုတော့ရှိတယ် … ဒါဆိုရင် သူ့ကဗျာတွေ ညီမလေး ယူသုံးလို့ ရတော့မှာ မဟုတ်ဘူးနော် …. ။

s0wha1 said...

ကိုကြီးရေ သူက ရွှေပုံပေးတောင် ဘလော့ဂ် မလုပ်ဘူးတဲ့...

မမေရေ...ဒီအတွက်တော့ မပူနဲ့...
သူက စာရေးပျင်းတယ်...

Anonymous said...

ဒီကဗျာလေးကို သိပ်ကြိုက်တာပဲ ။ ခံစားချက်တွေ သွားတူနေတယ် ။ ဆိုးဝှက်ညီမလေးကိုပြောလိုက်ပါ.. ဒီကဗျာလေးရော သူ့ ကလောင်နာမည်လေးရော ကြိုက်တယ်လို့ ။

s0wha1 said...

မဂျစ်...ကျေးဇူးပါ...ပြောလိုက်မယ်...း)

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*