Thursday, June 28, 2007

စားချင်သော အစားအစာများ



မြန်မာနိုင်ငံလည်း မပြန်ဖြစ်တာကြာပြီ။ ပြန်စရာအကြောင်းကလည်းမရှိ၊ အိမ်ကလည်း ဘာအတွက် ပြန်မှာလဲဆိုတာနဲ့ပဲ မပြန်ဖြစ်ဘူး။ ညနေက မကေသွယ် ရဲ့ ဘလော့ဂ်မှာ ကျိုက်ထီးရိုးအကြောင်း သွားဖတ်ရင်း မြန်မာကို တော်တော်လွမ်းသွားတယ်။ ပြီးတော့ မြန်မာမှာမှ ကောင်းကောင်းစားရမယ့် ကျွန်မစားချင်တဲ့ အစားအစာတွေကို ချရေးချင်စိတ်ပေါက်လို့ ရေးလိုက်တယ်။ ဖတ်ကြည့်ကြပါဦး...:P

  1. ကြေးအိုးဆီချက် (ကျွန်မက ကြေးအိုးအရည် မကြိုက်ဘူး)
  2. ဒံပေါက်
  3. ၀က်သားဒုတ်ထိုး
  4. ဓနုဖြူဒေါ်စောရီဆိုင်မှ ထမင်း၊ ဟင်း
  5. ရွှေလက်ရာက ခေါက်ဆွဲကြော်
  6. ဘာတာက ရခိုင်မုန့်တီ
  7. ကျောက်ကျောဖျော်ရည်/မန်ကျည်းဖျော်ရည်
  8. ပေါ့စိမ့်လက်ဘက်ရည်
  9. လှည်းတန်းက အီကြာကွေး
  10. ကီးမားပလာတာ
  11. ပဲပလာတာ
  12. လမ်းထိပ်က ကြာဇံနဲ့ ခေါက်ဆွဲ ရောသုပ်ထားတဲ့ ချဉ်ချဉ်စပ်စပ်အသုပ်လေး (အသုပ်စုံ မဟုတ်ဘူးနော်။ ကျွန်မက အသုပ်စုံမကြိုက်)
  13. ဘဲသွေးနဲ့ အုန်းနို့ခေါက်ဆွဲ
  14. ပဲပြားအစာသွတ်
  15. နွားနို့ပူပူလေးကို သကြားမပါ ဆားလေးနဲ့
  16. ဂျေဒိုးနက်ဆိုင်မှ ဒိုးနက်
  17. မုန့်ဆီကြော်
  18. ပေါင်မုန့်အုန်းနို့ဆမ်း/မုန့်လက်ဆောင်း
  19. ခေါက်မုန့်
  20. ဘိန်းမုန့်
  21. ပြာရည်ထုပ်
  22. ရေမုန့်
  23. ထိုးမုန့်
  24. ပုသိမ် ဟာလ၀ါ

ကျွန်မစဉ်းစားရမိသလောက် ကျွန်မကြိုက်တဲ့၊ စားချင်တဲ့ အစားအစာတွေ ရေးထားတာပါ။ နောက် သတိရရင် ရသလို ဆက်ပြီး ထည့်ရေးသွားဦးမယ်။ အားလုံးလည်း စားချင်တာလေးတွေ ရှိသေးရင် ကွန်မန့်မှာ ထည့်ရေးပေးသွားနော်။ ကျွန်မ ဒီရက်ပိုင်း သိပ်မအားလို့ ပို့စ်တင်ဖြစ်မယ်မထင်ဘူး။ စနေ၊ တနင်္ဂနွေမှပဲ ရေးဖြစ်မယ်ထင်တယ်။

သတိရလို့လေး ထပ်ဖြည့်လိုက်ပါတယ်...
  • ဖားသားဟင်း (ဒီမှာလည်း စားရပါတယ်...နည်းနည်းတော့ ဈေးကြီးသား)
  • လယ်ကြွက်ကို စပ်စပ်လေး ကြော်ထားတာ...
  • ပုရစ်ကြော်
  • ဖြစ်နိုင်ရင် တောကြောင်သား နဲ့ တောဝက်လည်း စားချင်သား (လောပိတမှာနေတုန်းကပဲ စားခဲ့ရတယ်...)
  • ခေါပုတ်
  • ထမနဲ


s0wha1

Print this post

5 comments:

ခင်မင်းဇော် said...

သမီးရေ အန်တီ့ထပ်ဖြည့်ချင်သေးတယ်၊
ပုသိမ်က ကော်ရည်ခေါက်ဆွဲ၊
နန်းကြီးသုပ်။
တို့ ဟူးနွေး၊
ဟီး စားချင်လွန်းလို့ လာရေးလိုက်တာပါ။

Chocolaier said...

ဒိုးနပ်က ဒီမှာရတယ်လေ မမ... ရှာမတွေ့ရင် ချိုကို့ဆီလာခဲ့။ ၀ယ်ကျွေးမယ်လေ... =)

s0wha1 said...

ဖိုးဇေ: ချစ်တီးထမင်းရော မကြိုက်ဘူးလား ဆိုးဝတ်ထ်ရဲ့။ ထိုင်းမှာက ကျန်တဲ့အစားအစာ တော်တော်များများရပေမယ့် ချစ်တီးထမင်းတော့ မရဘူး၊ ရေးရင်းနဲ့တောင် စားချင်လာပြီ။

မေငြိမ်း said...

ဘားလမ်းက ဘိုကလေးဒေါ်ညို မုန့်ဟင်းခါးနဲ့ စိတ်တိုင်းကျက လက်ဘက်ရည် နဲ့ ပဲနံပြား။
ဗိုလ်ချုပ်ဈေးနောက်ဘက် သံတံတားဘေးက ကြာဇံဝက်သားသုတ်..။ မိသားစုက ဖာလူဒါ။
လှည်းတန်းဈေးက အစုံသုပ်... ကြက်လျှာစွန်းက ဒံပေါက်။ ခရစ်လမ်းက ကြေးအိုး။ တော်ပါပြီ.. ဒီလောက်ဆို။ပြောရင်းနဲ့ သွားရည်ကျလာလို့။

s0wha1 said...

3 Jul 07, 21:36
ပုထုဇဉ်: အစားအသောက် စာရင်းကို ကြည့်ပြီး သွားရည်ယိုကာ ပြန်သွားပါတယ်။ :D

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*