Thursday, June 21, 2007

မျှော်လင့်ခြင်း ကမ်းပါး




ဆိတ်ငြိမ်တဲ့အသံကြားက
နွမ်းလျအပြုံး၊ ငိုမယောင်နှုတ်ခမ်း
နရီမဲ့ ညည်းခြင်းနဲ့
သံစဉ်တွေ ပျောက်ဆုံးနေ...

ဝိုးတ၀ါး မြူဆိုင်ကြားက
မျှော်လင့်နိဂုံး၊ နွေးသယောင် နှင်းပန်း
ကာရန်မဲ့ တမ်းခြင်းနဲ့
စည်းချက်ညီ လွင့်မျောနေ...

အို... အတိတ်တစ္ဆေ
ရွက်ပြာ လေနှင်၊ ပြိုမယောင် အမုန်း
ခြေရာမဲ့ လွမ်းခြင်းနဲ့
ငါ့ကမ္ဘာလည်း ပျက်သုဉ်းနေ...

s0wha1
ည (19.06.07)


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Print this post

6 comments:

မေဓာဝီ said...

ခံစားချက်အပြည့်နဲ့ ရေးထားတဲ့ ကဗျာလေးပဲ ...
စာပိုဒ်တခုချင်းဆီမှာ သုံးထားတာလေးတွေ နှစ်သက်မိပါတယ် ...
ကဗျာလေးတွေ ရေးတာကို ကြိုဆိုလျက် ..

မမေ

sharnge said...

ဆရာကြီး ကဗျာပဲ...

ကလိုစေးထူး said...

ကဗျာက တိုသလိုလိုပဲ...။ ဒါပေမယ့် ခံစားချက်တွေ စွန်းထင်းနေတယ်။ ဘာတွေ စွန်းထင်းနေလဲဆိုတာတော့ ကာယကံရှင်ပဲ သိမယ်။ ရှားငယ် ချီးကျူးတာ မိုက်သကွာ။ ဆရာကြီးကဗျာတဲ့။ ဆိုးဝှက်.. ရှားငယ်ကဗျာ နောက်တပုဒ် ထပ်တင်ကွာ။ (ရန်တိုက်ပေးမှ.. ) :P

pandora said...

တကယ်ကောင်းတဲ့ ကဗျာလေးပါ.. ခုမှ ဘလော့ဂ်ရေးတော့ တို့တွေ ခုမှ ဖတ်ရတာပေါ့.း)

s0wha1 said...

21 Jun 07, 16:44
hayhay: ကောင်းလိုက်တဲ့ ကဗျာ .. အမရေ ။ စကားလုံးတိုင်း ထိတာတော့ အမှန်ပဲ ။ နောက်မှပဲ ကူးတော့မယ် . hehe..နောက်တာ

s0wha1 said...

ဟီဟီ...အားပေးကြသူအပေါင်း ကျေးဇူးပါရှင့်...:D

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*