Tuesday, June 12, 2007

ပညာရေး အခြေအနေ



ဒီနေ့ တခြား ရေးထားတဲ့စာ တင်မလို့ပဲ... ဒါပေမဲ့ ခုနလေးကပဲ သူငယ်ချင်း တစ်ယောက်ပို့လိုက်တဲ့ မေးလ်ကိုတွေ့ရင်း ဟာသလေးပေမဲ့ စဉ်းစားစရာလေးတွေပါလို့... တချို့ကတော့ ဖတ်ဖူးမလား မသိဘူး...



ကျွန်မ ကြားဖူးတာလေးတခုကတော့ စက်မှုတက္ကသိုလ်မှာ ပညာရေးဝန်ကြီး လာစစ်ဆေးရင်း ပြောတယ်တဲ့..."Electronic နဲ့ Electrical က E ချင်း အတူတူ မေဂျာ ပေါင်းသင်ပါလား"လို့...
ကွယ်ရာမှာ ကျောင်းသားတွေက ၀ိုင်းဟားတာပေါ့... "ဒါဆို Maths နဲ့ Myanmar ကို M ချင်းတူတူ မေဂျာပေါင်းသင်ပါလား"လို့ ပြောပြောပြီး လှောင်ရယ် ရယ်ကြတယ်တဲ့.. ဒီဟာသလေး ကြားဖူးကြလား မသိဘူး... တကယ်ဖြစ်ခဲ့တာလို့ ပြောတယ်...


ကျွန်မအတွေးတွေတော့ ထည့်မရေးတော့ပါဘူး... ကိုယ့်အတွေးလေးနဲ့ ကိုယ်က ပိုကောင်းမယ်ထင်လို့ပါ...

s0wha1

Print this post

4 comments:

Chocolaier said...

အစ်မရေ
အဲဒီကမ္ဘာစောင်းနေတာ ချိုကိုနဲ့လည်း ဆိုင်ဘူးနော်။ အဲဒီကျောင်းကိုတောင် ရောက်ဖူးဘူး။ :P

မေဓာဝီ said...

တော်သေးတာပေါ့ မမေတို့ ကျောင်းတက်နေတုန်းက ပညာရေးဝန်ကြီး ကျောင်းကို မလာလို့။ လာများလာရင် Physics နဲ့ Psycho နဲ့ ပေါင်းသင်ရမယ် ထင်ပါရဲ့။

M.Y. said...

မြန်မာပြည်မှာ တော့ ပြောင်းပြန်ပါ။ ဆရာတွေ ကျောင်းအုပ်တွေ က ခုန က ၀န်ကြီး နေရာမှာ ပေါ့။ တစ်ကြိမ်တော့မြန်မာ ပညာရေးဝန်ကြီး က ရန်ကုန်တက်ကသိုလ်(ကကြီး၂ လုံးဆင့်ခုထိရိုက်မရပါ) မှာ ဘွဲ့ လွန ကျောင်းသားတွေ ကို သြ၀ါဒပေးတော့ ခင်ဗျားတို့ ပါရဂူတွေ ဘာတွေ တက်ပြီးရင် မဟာဘွဲ့ ထပ်ယူဖို့ ကောင်းတယ်။ ဆက်လုပ်ကြပါ တဲ့။ ကြားဖူးလားတော့မသိဘူး။ဒါ ဟာသမဟုတ်တဲ့ တကယ့်အဖြစ်အပျက်ပါ။

s0wha1 said...

ဟုတ်ပါလိမ့်မယ် ကိုမောင်ရင်...ညီမလည်း အဲလို ကြားမိတာပဲ...

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*