Saturday, June 9, 2007

မွေးနေ့ ဖိတ်ကြားလွှာ...



ဒီနေ့ စနေနေ့ဆိုတော့ Toa Pa Yoh ဘုန်းကြီးကျောင်းမှာ ည ၇ နာရီခွဲကနေ ၉ နာရီထိ အပတ်စဉ် ဓမ္မစကြာ ရွတ်ပွဲရှိပါတယ်...
ကျွန်မအဖေက အပတ်တိုင်း မပျက်မကွက် သွားတတ်ပေမဲ့ ကျွန်မတို့မောင်နှမတွေကတော့ စိတ်ပါမှ သွားတတ်ကြတယ်...
ဒီနေ့တော့ အိမ်က ညီမ ဓမ္မစကြာသွားရွတ်ရင်း အပြန် ရရှိလာတဲ့ မွေးနေ့ဖိတ်ကြားထားတဲ့ စာရွက်ကို ဓာတ်ပုံရိုက်ပြီး ပြန်တင်ပေးလိုက်ပါတယ်...
စင်္ကာပူရောက်မြန်မာများ အားလုံးကို ဖိတ်ကြားထားတာပါ...
မွေးနေ့ရှင်ကတော့ တခြားသူ မဟုတ်ပါဘူး...
ချစ်လှစွာသော အန်တီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၂ ပြည့်မွေးနေ့ကို ၂ ရက် စောပြီး ကျင်းပမယ့်ပွဲ ဖြစ်ပါတယ်...



၁၇-၀၆-၂၀၀၇ (တနင်္ဂနွေ)တွင် ကျင်းပမည့်
ဒေါ်အောင်ဆန်းစုကြည် (၆၂)နှစ်မြောက် မွေးနေ့ ဖိတ်ကြားလွှာ

အချိန် > ၁၀း၀၀ နာရီ- ၁ နာရီ

နေရာ > ဗုဒ္ဓဘာသာ မြန်မာ ဘုန်းတော်ကြီးကျောင်း
(Toa Payoh Burmese Temple)




အစီအစဉ်

၁၀း၃၀ မှ ၁၁း၀၀ နာရီအထိ > ဆွမ်းကျွေးအနုမောဒနာ
၁၁း၀၀ မှ ၁၁း၃၀ နာရီအထိ > ဆရာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း
၁၁း၃၀ မှ ၁၂း၃၀ နာရီအထိ > ဧည့်ပရိသတ်များအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြင်း
၁၂း၃၀ မှ ၁း၃၀ နာရီအထိ > ဒေါ်အောင်ဆန်းစုကြည် (၆၂) နှစ်ပြည့်မွေးနေ့ ဂုဏ်ပြု ကဗျာ ရွတ်ဆိုခြင်း

(အမှတ်တရ မွေးနေ့ ဆုတောင်းစကားများကို မှတ်တမ်းတင်စာအုပ်တွင် ပါဝင် ရေးသားနိုင်ပါသည်...)

ဖိတ်ကြားလွှာပါ စာများ မမြင်ရမှာစိုးလို့ ပြန်ရေးပေးလိုက်တာပါ...
မှတ်မှတ်ရရ အန်တီ့မွေးနေ့ကို ၂၀၀၅ခုနှစ် အသက် (၆၀) ပြည့်မွေးနေ့တုန်းကပဲ ရောက်ဖြစ်ပါတယ်...
မနှစ်ကတော့ စနေနေ့ညဘက် ဓမ္မစကြာသွားရွတ်ရင်း အန်တီစု ဓာတ်ပုံနှင့် ဆီမီးတွေကြားမှာ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ဖူးတယ်... ဒါပေမဲ့ မွေးနေ့ပွဲကျင်းပတဲ့ တနင်္ဂနွေနေ့ကိုတော့ ထပ်မရောက်ခဲ့ဘူး...
ဒီတပတ်တော့ သွားဖြစ်၊ မသွားဖြစ် မသေချာပေမဲ့ စနေနေ့ည ဓမ္မစကြာရွတ်ပွဲတော့ ရောက်အောင်သွားဖို့ စိတ်ကူးထားပါတယ်...


ချစ်သောအန်တီ အချုပ်အနှောင်မှ အမြန်လွတ်ကင်းပြီး နောင်နှစ်ပေါင်းများစွာ အန်တီ့ကိုချစ်သော မြန်မာပြည်သူများနဲ့အတူ မွေးနေ့ပွဲတွေ အတူတကွ ကျင်းပနိုင်ပါစေ...



s0wha1

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*