Thursday, June 7, 2007

"""၀ှူး"""



ကျွန်မ ခေါင်းစဉ်ကို ဖတ်မိတာနဲ့ လေပူမှုတ်ထုတ်လိုက်တာကို ခံစားရမယ် ထင်ပါရဲ့...
အဖြစ်က ဒီလို...
မနေ့ည ၁၀နာရီလောက်က စပြီး ဒီနေ့ပို့စ်တင်ဖို့အတွက် ကျွန်မ တကုပ်ကုပ်နဲ့ စာတွေရေးနေခဲ့တယ်... ကျွန်မ စာရေးရင် ဒီဘလော့ဂ်က Posting ထဲမှာပဲ တန်းရေးတယ်... သူများတွေလို Note Pad တို့၊ Microsoft Word တို့မှာ အရင်ရေးပြီးမှ ပို့စ်တင်တာ မဟုတ်ဘူး... ဒီလိုနဲ့ ၁၁နာရီလောက်ကျတော့ ကျွန်မရဲ့ ဂျီမေးလ်အကောင့်တစ်ခုမှာ မေးလ်ဝင်လာတာနဲ့ စာရေးနေရင်း ၀င်ဖတ်လိုက်သေးတယ်... ဒါပေမဲ့ အဲဒီမေးလ်ကို sign out မလုပ်ဘဲ စာဆက်ရေးနေမိတယ်... စိတ်ထဲကတော့ တွေးဖြစ်ပါတယ်... s0wha1 gmail ကို ငါ sign in ပြန်မလုပ်ထားဘူးဆိုတော့ ဒီစာရေးပြီးလို့ ပို့စ်မတင်ခင် သေချာအောင် ငါ copy ထားဦးမှပဲလို့... တကယ့်တကယ် စာရေးပြီးတော့ ည ၁၂ နာရီနဲ့ ၁၃ မိနစ်... ကျွန်မ ခုနက တွေးထားတာတွေ အကုန်မေ့ပြီး စောစောအိပ်ရတော့မယ်ဆိုတဲ့ အသိနဲ့ ပျော်ရွှင်စွာ Publish Post ကိုတန်း နှိပ်လိုက်ပါတော့တယ်...

"""ဟာ!!!"""
နှိပ်ပြီးပြီးချင်းမှာ ကျွန်မမှားသွားမှန်း သတိရလိုက်ပေမဲ့ နောက်ကျသွားပါပြီ... Back ကိုနှိပ်လို့လည်း မမှီတော့ဘူး... ကျွန်မကို ဘယ် nick နဲ့ Log In လုပ်မှာလဲလို့ပဲ မေးနေပါတော့တယ်... ကျွန်မ ဘယ်လောက် စိတ်ပျက်သွားမလဲ စဉ်းစားသာကြည့်ပါတော့... အော်ပြီးသာ ငိုလိုက်ချင်ပါတယ်... ဒါပေမဲ့ ဇွဲမလျှော့သေးဘဲ ပြန်ရေးဖို့ကြိုးစားပါသေးတယ်... အကြောင်းအရာတူပေမဲ့ ခုနက သုံးနှုန်းထားတဲ့ စာကြောင်းနဲ့ ခုရေးဖို့စဉ်းစားတဲ့ စာကြောင်းတွေက ဘယ်လိုမှ မတူတော့ပါဘူး... ကျွန်မ လွန်ခဲ့တဲ့ နှစ်မိနစ်ကမှ ရေးလိုက်တဲ့ စာကြောင်းကိုတောင် တပုံစံထဲ ပြန်မမှတ်မိတော့ဘူးလေ... အဲဒီတော့ ခုနက စိတ်ပါလက်ပါရေးထားသလိုမျိုး ပြန်ရေးဖို့ မဖြစ်နိုင်တော့တဲ့အတွက် ကျွန်မ ဆက်မရေးတော့ပါဘူး...

ခုတောင် စိတ်ပျက် လက်ပျက်နဲ့ ဒီနေ့ ဘာပို့စ်မှ မတင်ဘဲနေမလို့ပါ... စိတ်ပျက်ရာကနေ အပျင်းရောဂါစွဲကပ်လာတဲ့အတွက် ဒီရက်ပိုင်း ပို့စ်အသစ် တင်ဖြစ်ချင်မှ တင်ဖြစ်မယ့်အကြောင်း တလက်စထဲ ပြောချင်တာနဲ့ ဒီစာကို ရေးဖြစ်ပါတယ်... ပို့စ်အသစ် တင်ဖြစ်ချင်မှ တင်ဖြစ်မယ်ဆိုတော့ ဒီရက်ပိုင်း ပို့စ်လုံးဝမတင်ဘဲနေမယ်လို့ ယတိပြတ် ပြောတာ မဟုတ်ဘူးနော်... တင်ဖြစ်ချင်လည်း တင်ဖြစ်မှာပါလို့ အဓိပ္ပါယ် တမျိုး သက်ရောက်ပါသေးတယ်...:P

ကျွန်မဘလော့ဂ်ကို လာရောက် လည်ပတ်ကြသော မိတ်ဆွေ၊ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်...

s0wha1

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*